วันเสาร์ที่ 28 กุมภาพันธ์ พ.ศ. 2558

ကွန်ပျူတာမှ PDF ဖိုင်တွေကို စာအုပ်ဖတ်သလိုစာရွက်လှန်ဖတ်မယ်

 
PDF ဖိုင်တွေ ဖတ်တဲ့အခါ အပြင်က စာအုပ်လေးကို
တစ်ရွက်ချင်းလှန်ဖတ်နေရသလို မျိုးလေး ဖတ်နိုင်မယ့်ေ
ဆော့ဝဲလေးတစ်မျိုးပါ Megazine ပုံစံ catalogs ပုံစံတွေနဲ့
ဖတ်နိုင်ပြီး အွန်လိုင်းပေါ်က မိတ်ဆွေတို့ကို Exe, Zip, Html ဖိုင်တွေအဖြစ် Convert လုပ်ပြီး 
share လုပ်နိုင်ပါသေးတယ်
ဖိုင်ဆိုဒ်ကတော့ 50 MB ကျော်ပါတယ်

Download 3D.PageFlip.Standard.2.7.1

 


 

ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ

USB မှ Virus ဝင်ခြင်းကို 100% ကာကွယ်ပေးနိုင်တဲ့ဆော့ဝဲလ်လေးပါ

http://2.bp.blogspot.com/-BtjFBEit-Is/Ud7VRH9jqwI/AAAAAAAABg8/a1rN6y_1JLY/s200/USB+Virus+Scan+2.42+Build+0328.png

ကွန်ပြူတာကို Virus ကိုက်ပြီဆိုရင် အများအားဖြင့်တော့ USB ကနေ Virus ၀င်ပြီး ကိုက်တာများပါတယ်။ အဲ ဒါကြောင့် အခုကျွန်တော်တင်ပေးလိုက်တာကိုတော့ အားလုံးဘဲ ကြိုက်နှစ်သက်လိမ့်မယ်လို့ထင်ပါတယ်။ သူ့ရဲ့မူရင်းမှာတော့ USB ကနေ Virus ၀င်ခြင်းကို 100% ကာကွယ်ပေးနိုင်တယ်လို့ကို ခိုင်ခိုင်မာမာ အာမခံ ထားတာတွေ့ရပါတယ်။ တကယ်လည်းကောင်းပါတယ်ဗျာ။ ကျွန်တော်လည်းဒါလေးဘဲသုံးထားပါတယ်။ အ သုံးပြုရတာ ပေါ့ပေါ့ပါးပါးရှိပြီး Antivirus တွေနဲ့ တွဲဖက်အသုံးပြုနိုင်ပါတယ်။ USB လို့သုံးနှုန်းထားတယ်ဆို တာက ခြုံငုံပြီးပြောပြထားတာပါနော်။ Pen Drives , USB Cameras , USB Flash cards , USB MP3 players , USB Audio players , External hard drives , Pocket PCs , Mobile phones , iPod’s and iPhone’sv စတာတွေ ကိုလည်း USB အဖြစ်သက်မှတ်ကြည့်မယ်ဆိုရင် ဒီကောင်တွေထဲကလည်း Virus မ၀င်နိုင်တော့ပါဘူးဗျာ။
ဒီထက်အသေးစိတ်သိချင်တယ်ဆိုရင်တော့ အောက်မှာ ရှင်းပြပေးထားပါတယ်။

USB Virus Scan provides fully USB security solutions , it not only allows you to gain full control of every usb port, but also provides 100% protection against any malicious programs trying to attack via USB storage. All data in your computer and usb drives will get fully protection provided by USB Virus Scan.

USB thumb drives and removable hard disks are now common throughout the workplace. They have considerable storage capacity and great for productivity. However, they also cause new problems at the same time:

1.Data leakage: account information, bids, contracts and much more commercial confidentiality data can easily be downloaded onto any removable media devices- from a memory stick to ipod . And once it leaves your computer, the integrity of that sensitive data is at risk.
2.Virus infection: more and more viruses and trojans infect computer via USB storage devices, once an infected USB drives is plugged into computer,the worms in it will spread through the whole system.

Most of major antivirus products such as Kaspersky,Bitdefender can do little about this new type of usb virus.

Key Features

Get control over the use of all USB storage devices
You can set the USB drive status to Read only or Readable/Writable both on the machine, also you can disable usage of any usb storage devices to prevent data leaks across USB flash drives. more information

100% protection against any virus via USB drives
USB Virus Scan uses innovative technology to block any threats via USB drive,any USB drives inserted into computer, USB Virus Scan will automatically scan it and remove threats. There are relatively few products available in shops or on the Internet which can offer even close to 100% protection against any malicious programs via USB drive. The majority of products are unable even to guarantee 60% protection.

Clean USB virus in your infected system
USB Virus Scan can not only block virus spreading thought external removable media, but also has the ability to detect and remove usb virus in your computer. What you need to do is clicking the scan button,and waiting for virus scan to complete.

The best solution to protect offline computer
Other antivirus software should update signature database regularly, and they can not effectively protect offline computer that is not connected to the Internet. When new viruses, worms and other malicious attacks strike, traditional signatures are insufficient. USB Virus Scan uses advanced detection techniques, it doesn’t mainly rely on virus signature, so it can protect offline computer from usb virus effectively without updating frequently.

The world’s fastest and smallest antivirus software
With USB Virus Scan, it’s not necessary to sacrifice speed for detection and scanning. Compare with other antivirus software and you’ll discover that USB Virus Scan installer is just 1 MB. The program utilizes approximately 5 to 8 MB of RAM.

100% compatible with all software
Incompatibility between antivirus programs is an issue. In the vast majority of cases, installing two antivirus programs from different vendors on one machine (for increased protection) is technically impossible, as the two programs will disrupt each other’s functioning. However, USB Virus Scan is 100% compatible with all other security products in fully testing, including Norton,Nod32,Bitdefender,Kaspersky,etc.

Easy to use
USB Virus Scan has been specifically designed to perform effectively regardless of the user’s level of computer expertise. Just install and forget it.

Support all kinds of external removable media
• Pen Drives
• USB Cameras
• USB Flash cards
• USB MP3 players
• USB Audio players
• External hard drives
• Pocket PCs
• Mobile phones
• iPod’s and iPhone’sv
• Other USB mass storage enabled devices

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။


မိမိတို့ကွန်ပျူတာမှ Drivers များကို ဒီဆော့ဝဲလ်ဖြင့် Backup လုပ်ထားသင့်သည်


ဒါလေးကတော့ Drivers တွေကို Backup လုပ်ထားဖို့ပါပဲ..။ ဘာလို့လဲဆိုတော့ မိမိတို့ကွန်ပျူတာကို ဝင်းဒိုးအသစ်တင်တဲ့ အခါတွေမှာ Drivers တွေပျောက်သွားတတ်ပါတယ်..။ အဲဒီလိုအခါမျိုးတွေမှာ ဒီဆော့ဝဲလ်နဲ့ Backup လုပ်ထားခဲ့ရင် ပျောက်သွားတဲ့ Drivers တွေကို အလွယ်တကူ ပြန်ထည့်လို့ ရမှာဖြစ်ပါတယ်..။ အဲလိုမှ မဟုတ်ပဲ Drivers Backup လုပ်မထားခဲ့ဘူး ဆိုရင်တော့ ပျောက်သွားတဲ့ Drivers တွေကို မိမိတို့ စက်ရဲ့ Model အမျိုးအစားနဲ့ အင်တာနက်မှာ ခေါင်းမူးအောင် လိုက်ရှာပေတော့ ...။ တွေ့တဲ့အခါ ရှိသလို ရှာမတွေ့တဲ့ အခါတွေလည်းရှိပါတယ်..။ အခုနောက်ပိုင်း Model အသစ်တွေဆိုရင်တော့ ရှာရတာလွယ်ပေမယ့် ဟိုးအရင်တုန်းက Model အဟောင်းတွေဆိုရင်တော့ ရှာရခက်မှခက်ပဲ..။ ဒါတွေက ကိုယ်တိုင်ကြုံဖူးမှ Drivers ရှာရတဲ့ ဒုက္ခကို သိကြမှာပါ..။ အဲလိုမျိုး အခက်အခဲတွေ မဖြစ်အောင်လို့ မိမိတို့ရဲ့ စက်ထဲက Drivers တွေကို အခုကတည်းက Backup လုပ်ထားသင့်ပါတယ်..။
Drivers Backup လုပ်တဲ့ ဆော့ဝဲလ်တွေ အများကြီးရှိပေမယ်.. ဒီကောင်လေးကတော့ ကျနော်အမြဲသုံးနေတဲ့ ကောင်လေးပဲ ဖြစ်ပါတယ်..။ ဒီကောင်လေးနဲ့ပဲ ကျနော်ဆိုဒ်မှာတင်ခဲ့တဲ့ Drivers တွေကို Backup လုပ်ခဲ့တာပါ..။ သုံးရတာလည်းလွယ်ပါတယ်..။ အသုံးပြုပုံကတော့ အောက်မှာပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။ လိုအပ်တဲ့သူများကတော့ အောက်က အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းယူသွားလိုက်ပါ..။ ဗါးရှင်းအဟောင်းလေးဆိုပေမယ့် သုံးရတာ အရမ်းအဆင်ပြေပါတယ်..။ ဒါကြောင့်ဒါလေးကို ရွေးပြီးတင်ပေးလိုက်တာပါ...။ 1.48 MB ပဲရှိပါတယ်...။


ဒီကောင်လေးကို အင်စတောဆွဲပြီးရင် ဒီပုံလေးအတိုင်းမြင်ရပါလိမ့်မယ်..။

ပြီးရင်တော့ အောက်ကပုံလေးအတိုင်း နံပါတ်စဉ်တိုင်း နှိပ်သွားလိုက်ပါ...။




အောက်ကပုံမျိုးပေါ်လာရင်တော့ ခဏစောင့်ပေးလိုက်ပါ..။ Drivers တွေကို ပြန်သိမ်းနေတာ ဖြစ်ပါတယ်..။



အပေါ်ပုံအတိုင်းပေါ်လာရင် Backup လုပ်တာပြီးသွားပြီ ဖြစ်တဲ့ အတွက် Close ကိုနှိပ်ပြီး ပိတ်လိုက်လို့ ရပါပြီ..။ Desktop မှာအောက်ကပုံအတိုင်း ပေါ်လာရင် တခါတည်း Winrar နဲ့ စာအုပ်ချုပ်ပြီး သိမ်းလိုက်ပါတော့....။ သိမ်းတဲ့အခါမှာလည်း တနေရာထဲမှာ မသိမ်းပဲနဲ့ ကွန်ပျူတာရဲ့ Partition တွေထဲမှာရော USB Pendrive တွေထဲမှာပါ ၂နေရာ၊ ၃နေရာ ခွဲပြီး သိမ်းသင့်ပါတယ်..။ တစ်နေရာထဲမှာ သိမ်းခဲ့ရင် ပျောက်သွားတဲ့ အခါ အခက်တွေ့မှာဆိုးလို့ နေရာတွေခွဲပြီး သိမ်းထားသင့်ပါတယ်..။ Winrar နဲ့ ဖိုင်ချုပ်နည်း၊ ဖိုင်ဖြည်နည်းကိုတော့ မသိသေးတဲ့သူများအတွက် ကျနော်ဆိုဒ်ရဲ့ ညာဘက်အခြမ်းမှာ Winrar ခေါင်းစဉ်နဲ့ တင်ပေးထားပါတယ်..။ 


Drivers Backup လုပ်ပြီးလို့ ရလာတဲ့ ဖိုင်ရဲ့ အထဲမှာ အောက်ပါအတိုင်း မြင်တွေ့ ရမှာဖြစ်ပါတယ်..။ Original Drivers ခွေမှာဆိုရင်တော့ Drivers software အစုံပါတဲ့အတွက် 2.5 GB ကျော်ရှိပါတယ်..။ ဒီကောင်လေးနဲ့ Drivers Backup လုပ်ပြီးပြန်သိမ်းတဲ့အခါမှာတော့ စက်ရဲ့အဓိကလိုအပ်တဲ့ Drivers တွေကိုပဲ ပြန်သိမ်းတာဖြစ်တဲ့အတွက် MB တစ်ရာကျော်လောက်ပဲ ရှိပါတော့တယ်..။ Winrar နဲ့ ချုပ်လိုက်ရင်တော့ သုံးပုံတစ်ပုံလောက် သေးသွားပါတယ်..။ 


အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..။

วันศุกร์ที่ 27 กุมภาพันธ์ พ.ศ. 2558

ဘလော့တခုမှ လိုခြင်သော ပုံဒီဇိုင်းတွေရဲ့ လင့်..ကုတ်တွေကိုအလွယ်ရယူနည်း

 ကဲ  ဘလော့ခရီးသည်ရဲ့  ဘလော့မိတ်ဆွေအပေါင်းတို့ဗျားးးးးးးးးးးးးးးးးး သည်နေ့တော့  မင်္ဂလာသတင်းလေးလို့လဲ ပြောလို့ရပါမယ်... နောက်..မကောင်းသောအတတ်ပညာကို သင်ပေးတယ်လို့လဲ  ဆိုနိုင်ပါတယ်....ေိေိ...ဘာဖြစ်ဖြစ် ပညာဆိုတာ ထိန်ချန်မထားအပ်ဘူးးလို့
ဆိုရိုးစကားရှိတယ်မလားး တတ်သည့်ပညာ  မျှဝေခြင်းကလည်း မင်္ဂလာတပါးလို့ ဆိုရမယ်ပေါ့..အဟိ
မကောင်းတာသင်မယ့်လူက  တရားသဘောတွေပါနေပြီ... မကောင်းတာဆိုပေမယ့်  ကောင်းပါတယ်ဗျာ
ဒါလေးက ဘလော့ကာ အသစ်လေးတွေအတွက် အထူး လက်ဆောင်ပါ... 
ဘာလဲဆိုတော့ တခြားပညာရှင်များရဲ့ ဘလော့ပေါ်က  အလှဆင်ထားတဲ့ ပုံလေးတွေ ဆိုဒ်ဘားက  ဒီဇိုင်းလေးတွေ  နောက် မိမိဘလော့ကိုပြုပြင်တဲ့နေရာမှာလဲ...အရမ်းအသုံးးဝင်ပါတယ်.... ကိုယ်ပြုပြင်
လိုတဲ့ နေရာတွေကိုသည်နည်းလေးနဲ့ ရှာပြီး Html  မှာ ကိုယ်လိုအပ်သလို အစားသွင်းအလှဆင်နိုင်လို့ပါဘဲ.....
ပုံလေးတွေနဲ့ သေခြာရှင်းပြထားပါတယ်.... သည်နေရာမှာ ဘလော့ခရီးသည်ရဲ့ အပေါ်က ပုံကြီးကို
ပုံရဲ့ လင့်ယူကြမယ်ဆိုပါတော့...အဲတာလေးနဲ့ ဥပမာပြ ပေးသွားးမှာပါ
 အဆင့်  (၁).....  အဆင့်-၁ အနေနဲ့... မိမိတို့ လိုခြင်သော ဘလော့ကိုဝင်လိုက်ပါ  အဲဘလော့ရဲ့
                       လိပ်စာရှေ့က  လိုဂိုလေးကို ကလစ်ပါ...ဘောက်လေးတစ်ခုကျလာမယ်... အဲမှာ more information ဆိုတာဆက်ကလစ်လိုက်ပါ။

အဆင့်  (၂)    သည်အဆင့်ကျတော့...ဘောက် ဇယားကြီးးတစ်ခုကျလာပါပြီ.. အဲထဲက Media ဆိုတာ
                   ကိုကလစ်ရမှာဖြစ်ပါတယ်...အဲတာဆို  မိမိတို့လိုခြင်သော လင့်များ ကုဒ်များကို ရှာဖွေနိုင်
                    မှာဖြစ်ပါတယ်...


အဆင့်  (၃)   ဒါကတော့ နောက်ဆုံးအဆင့်ဆိုပါတော့....အဲထဲမှာဘဲ ပုံပြထားသလိုပါ  တခုချင်းရှာဖွေ  
                  ခိုးးယူ   အဲလေ.... လေ့လာနိုင်ပါတယ်လို့ ပြောလိုပါတယ်... မိမိတို့ တခုချင်းကလစ်တာနဲ့
                  ကလစ်တဲ့လင့်ဆိုင်ရာ ပုံလေးတွေဟာာအောက်မှာ ပြနေပါတယ်..ကိုယ်လိုခြင်တဲ့ပုံရောက်တာနဲ့   အဲလင့်ကို ကူးယူု အသုံးပြုနိုင်ပါပြီ..... အားလုံးး  အဆင်ပြေကြပါစေ..မခိုးတတ်ပါက...ဟုသည်ပါးစပ်... မလုပ်တတ်ပါက
အော်ခဲ့ပါနော်...ေိေိ...ဗျဲ.......


Windows7 တင်ပြီးတဲ့အခါ Driver တွေကိုဘယ်လို Restore ပြန်လုပ်မလဲ



ဒီပိုစ့်ကို တင်ပေးဖို့ ချိန်နေတာ ကြာပါပြီ..။ အခုလို လိုအပ်တဲ့သူများ ရှိတဲ့ အချိန်ကျမှ တင်ပေးဖို့ စိတ်ကူးထားလို့.. မနေ့က Cbox မှာ မေးထားတဲ့ အစ်ကိုတွေနဲ့ အရင်ရက်က Driver Backup လုပ်ထားပြီးသားကို ဘယ်လို Restore ပြန်လုပ်ရမလဲလို့ မေးခဲ့ဖူးတဲ့ အစ်ကိုတွေ ရှိလာလို့  ဒီနေ့မှ ဒီပိုစ့်ကို တင်ပေးလိုက်တာပါ.. ဒါမှလည်း လတ်တလော လိုအပ်နေတဲ့ သူတွေအတွက် ပိုပြီးအကျိုးရှိမယ်လို့ ထင်မိလို့ပါ..။ 
အရင်ဆုံးသိထားရမှာက Window တင်တော့မယ်ဆိုတာနဲ့ လိုအပ်တာက.. Driver Backup လုပ်ထားတဲ့ဖိုင် ဒါမှမဟုတ် မိမိတို့ စက်ရဲ့ မူရင် Driver ခွေ လိုအပ်ပါတယ်..။ Driver ခွေမရှိတော့တဲ့သူများ အတွက် Driver Backup လုပ်လို့ရမယ့် ဆော့ဝဲလ်လေးကို ဟိုးအရင်တုန်းကတည်းက တင်ပေးထားတာရှိပါတယ်.. လိုအပ်တဲ့သူများ   ဒီလင့်ကနေ   ဝင်သွားယူလိုက်ပါ.. Driver Backup လုပ်နည်းကိုပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဝင်းဒိုးမတင်ခင် အရင်ဆုံး Driver Backup လုပ်ထားလိုက်ပါ..။ မူရင်း Driver ခွေရှိတဲ့ သူများအတွက်တော့ Backup လုပ်ဖို့ မလိုအပ်ပါဘူး..။ တခါလေ Backup လုပ်ထားတဲ့ Driver တွေကလည်း ဝင်းဒိုးတင်ပြီး အခုဒီနည်းနဲ့ Restore ပြန်လုပ်တဲ့အခါ Uncountable Problems ဆိုတဲ့စာသားမျိုးနဲ့ Drivers တွေပြန်ထည့်လို့ မရတဲ့အခါတွေလည်း ကြုံဖူးပါတယ်..။ အဲလိုဖြစ်ခဲ့ရင်တော့ သူလိုအပ်တဲ့ (ဥပမာ..။ ။ .dll ဖိုင်မျိုး၊ .inf ဖိုင်မျိုး)  ဖိုင်လေးကို မိမိတို့ Driver Backup လုပ်ထားတဲ့ဖိုင်တွေထဲက.. VGA ဂရပ်ဖစ်အတွက်ဆို သူနဲ့ဆိုင်တဲ့ဖိုင်ထဲ.. ဝါယာလက်စ်အတွက်ဆို ဝါယာလက်စ်နဲ့ ဆိုင်တဲ့ ဖိုင်ထဲ အထိ တဆင့်ချင်းစီ ဝင်သွားပြီး လိုက်ရှာပေးရပါတယ်..။ သူလိုအပ်တဲ့ဖိုင်လေးကို တွေပြီဆိုရင် အဲဒီကောင်လေးကို တချက်ကလစ်ပြီး OK , OK နဲ့ အဲဒီအဆင့်တွေမှာ ပြထားတဲ့ စာသားတွေအတိုင်း အဆင့်ဆင့် လုပ်ပေးသွားလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။ အဲလိုလုပ်လို့မှ အဆင်မပြေသေးရင်တော့ မိမိတို့ကိုယ်တိုင် Google မှာ စာရိုက်ပြီး မိမိတို့စက်ရဲ့ Model နဲ့ Driver Free Download ဆိုပြီးလိုက်ရှာပေတော့..။ အဲဒီအခါကျရင်တော့ ခေါင်းတွေလည်း ပူထူပြီသာမှတ်.. ဘာလို့လဲဆိုတော့ စာတွေအများကြီးဖတ်ရလို့.. တဆိုဒ်ပြီး တဆိုဒ် မရမချင်း လိုက်ရှာရတဲ့ အတွက် ခေါင်းပါကိုက်လာတာပါ.. ဒါက Model ဟောင်းသွားတဲ့ စက်တွေအတွက်.. (Windows XP, Windows Vista ခေတ်ကစက်တွေကို) Windows7 တင်ပေးမိလို့ ကျနော်ကိုယ်တိုင် ကြုံခဲ့ရတဲ့ ဒုက္ခလေးတွေကို လမ်းကြုံတုန်း ပြန်လည်ပြောပြတာပါ..။ အဲတော့ နောက်ပိုင်းသိလာတာက Windows XP, Windows Vista ခေတ်ကစက်တွေကို Windows7 တင်မပေးတော့ပါဘူး.. XP ဆို XP, Vista ဆို Vista အဲဒီဝင်းဒိုးတွေပဲ ပြန်တင်ပေးလိုက်ပါတယ်..။ အရမ်းကို Windows7 သုံးချင်နေတဲ့သူမှပဲ 7 တင်ပေးလိုက်တယ်..။ အခုနောက်ပိုင်းတော့ အဲလို စက်အဟောင်းတွေအတွက် Drivers တွေအဆင်ပြေအောင် ဖရီးထုတ်ပေးထားတဲ့ ဆိုဒ်တခုကို တွေ့ခဲ့လို့.. အဲဒီဆိုဒ်က ပေးသုံးတဲ့ Drivers အားလုံးနီးပါးအတွက် DVD တချပ်စာနီးပါး 3 GB ကျော်ရှိတဲ့ ဆော့ဝဲလ်ခွေနဲ့ စက်အဟောင်း တော်တော်များများရဲ့ Drivers ပြဿနာကို အဆင်ပြေခဲ့ပါတယ်..။ လိုအပ်တဲ့သူများရှိခဲ့ရင် အဲဒီဆိုဒ်ကို ကျနော်ပြန်ရှာပြီး အဲဒီဆော့ဝဲလ်ကို ဒေါင်းယူလို့ ရအောင် ပြန်လည်တင်ပေးပါအုန်းမယ်..။ အခုတော့ စာလည်းရှည်နေပြီ.. ဒီပိုစ့်ကို ဆက်ရအောင်..
Driver Backup နဲ့ Restore လုပ်တာဟာ Model အဟောင်းပဲ ဖြစ်ဖြစ်၊ Model အသစ်ပဲ ဖြစ်ဖြစ် ဒီလိုပြဿနာတွေ ကြုံတတ်ပါတယ်..။ မူရင်း Driver ခွေနဲ့ဆိုရင်တော့ အားလုံးအဆင်ပြေနိုင်ပါတယ်..။ တကယ်လို့ မိမိတို့စက်က Windows7 ခေတ်မှာ ထုတ်တဲ့စက်ဆိုရင်တော့ မိမိတို့စက် အမျိုးအစားရဲ့ မူရင်း ဝဘ်ဆိုဒ်မှာ မိမိတို့ စက်ရဲ့ Model နဲ့ Drivers တွေကို ဖရီးဒေါင်းယူလို့ ရနိုင်ပါတယ်..။ စက်အများစုက အခုနောက်ပိုင်း ဒီလိုဝန်ဆောင်မူ့တွေပေးလာပါတယ်..။ သူ့တို့ရဲ့စက်ကို လူကြိုက်များ၊ လူသုံးများအောင်လို့ပါ..။ ဒါကတော့ ဗဟုသုတအနေနဲ့ Drivers တွေကို မူရင်းဆိုဒ်တွေမှာ ဖရီးဒေါင်းယူလို့ ရတယ်ဆိုတာ သိရအောင်လို့ပါ..။ 
အခုဒီပိုစ့်မှာ ဝင်းဒိုးတင်ပြီးတဲ့အခါ Drivers တွေ ပြန်ထည့်တတ်အောင် အောက်ကပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ရှားရှားပါးပါး တချို့စက်တွေကတော့ ဝင်းဒိုးဘယ်နှခါတင်တင် Drivers တွေ တခုမှ ပျောက်မသွားပါဘူး.. အဲလိုစက်မျိုးတွေလည်း ကြုံခဲ့ဖူးပါတယ်.. ဝင်းဒိုးတင်ပြီးပြီးချင်းမှာ အောက်ကပုံလေးတွေအတိုင်း မြင်ရပါလိမ့်မယ်..။ နောက်ပြီး ဝင်းဒိုးမတင်ခင် Driver Backup လုပ်ထားတဲ့သူများအတွက် မိမိတို့ပြုလုပ်လိုက်တဲ့ Driver Backup ဖိုင်ထဲမှာ အောက်က ၄ပုံမြောက်ပုံမှာ အမှန်ခြစ်လေးတွေနဲ့ ပြထားသလို အဓိက လိုအပ်တဲ့ Drivers တွေပါမပါ.. ဝင်းဒိုးမတင်ခင်မှာ အရင်စစ်ဆေး ကြည့်ရမှာပါ..။ အဲဒီဖိုင်တွေ မပါခဲ့၊ မစုံခဲ့ရင် နောက်တခါထပ်ပြီး သေချာအောင်၊ အဲဒီဖိုင်တွေစုံအောင် Driver Backup ပြန်လုပ်လိုက်ပါ..။ အားလုံးအစုံသိမ်းပြီးမှ အဲဒီသိမ်းလိုက်တဲ့ ဖိုင်ကို USB Pendrive တွေထဲ၊ Partition အပိုင်းတွေထဲမှာ နေရာခွဲပြီး သိမ်းထားပြီးမှ စက်ကို ဝင်းဒိုးအသစ်တင်ပါ..။ အောက်ကပုံကတော့ ဝင်းဒိုးအသစ် တင်ပြီးသွားတဲ့ အခါ Drivers တွေမစုံခင် မြင်ရတဲ့ ပုံလေးပါ.. Driver Restore လုပ်နည်းကို နောက်ပုံတွေမှာ ဆက်ကြည့်လိုက်ပါဗျာ..





Driver Back ဖိုင်ထဲမှာ Drivers တွေစုံမစုံ အပေါ်ပုံအတိုင်း အဓိကလိုအပ်တဲ့ ကောင်လေးတွေကို အမှန်ခြစ်လေးတွေနဲ့ ပြထားပါတယ်..။ ဝင်းဒိုးမတင်ခင် အရင်ဖွင့်ကြည့်လိုက်ပါ.. အောက်ကပုံကတော့ Desktop မှာ Computer ပုံလေးပေါ်အောင် လုပ်ပြပေးလိုက်တာပါ..။ မသိသေးတဲ့သူများအတွက်ပါ..။ R/C ဆိုတာ Right Click ထောက်ပါလို့ ဆိုလိုတယ်ဆိုတာကို ကျနော့်ဆီမှာ အမြဲလာကြည့်နေတဲ့ သူငယ်ချင်းတွေကတော့ သိနေလောက်ပါပြီ.. 


ပြီးရင်တော့ Drivers တွေရှိတဲ့ နေရာကို အောက်ကပုံလေးအတိုင်း ဖွင့်ပြီး ဝင်သွားလိုက်ပါ..။ အောက်ပုံ 4 နေရာမှာ မြင်နေရတဲ့ အတိုင်း အဝါရောင် အတုံးလေးတွေ ပေါ်နေရင်.. အဲဒီကောင်လေးတွေမှာ Drivers တွေမရှိလို့ ၊ Drivers တွေ လိုအပ်နေလို့ပါ..။ ဒါကြောင့် အဲလို အဝါရောင် အတုံးလေးတွေ ပေါ်နေတဲ့ စာကြောင်းလေးတွေပေါ်မှာ Right Click ထောက်လိုက်ပါ..


လိုအပ်နေတဲ့ Drivers တွေနေရာမှာ VGA ဂရပ်ဖစ်နေရာက လွဲလို့ တခြားနေရာတွေမှာ အဝါရောင် အတုံးလေးတွေ ပေါ်နေပါလိမ့်မယ်.. အောက်ကပုံကတော့ VGA နေရာမှန်း သိရအောင် အဝါရောင်လေး ထည့်ပြထားတာပါ..။


စပါပြီ.. အောက်ကပုံလေးအတိုင်း လိုအပ်နေတဲ့ Driver အတွက် အဝါရောင် အလုံးလေးပေါ်နေတဲ့ စာကြောင်းလေးပေါ်မှာ Right Click ထောက်ပြီး အနီဝိုင်းပြထားတဲ့ Update Driver Software.. နေရာကို တချက်ကလစ်လိုက်ပါ.. နောက်ထပ်ပေါ်လာတဲ့ ပုံလေးတွေကို အောက်မှာ ပြထားတဲ့ အတိုင်း အဆင့်ဆင့်နှိပ် သွားပေးလိုက်ပါ..။




အပေါ်ပုံကတော့ ကျနော်သိမ်းထားခဲ့တဲ့ Drivers တွေကို မျှားပြထားတဲ့ အတိုင်း အဆင့်ဆင့် သွားပြီး အဲဒီဖိုင်လေးကို သွားရွေးပေးလိုက်တာပါ.. ဒီနေရာမှာသိရမှာက မိမိတို့ သိမ်းထားခဲ့တဲ့ Driver Backup ဖိုင်ကို ဘယ်နေရာမှာ ထားတယ်ဆိုတာ မှတ်ထားပြီး.. ဒီအဆင့်မှာ သွားပြန်ရွေးပေးရမှာပါ..။ မူရင်း Driver ခွေရှိတဲ့သူများကတော့ CD/DVD Drive ရှိတဲ့နေရာကို ဒီအဆင့်မှာ ညွှန်ပြပေးရမှာပါ..။ အောက်ကပုံကတော့ ကျနော် Driver Backup ဖိုင်ရှိတဲ့ လမ်းကြောင်းလေးကို ညွှန်ပြပေးထားလို့ ပုံမှာမြင်ရတဲ့အတိုင်း လမ်းကြောင်းလေးပေါ်နေပါပြီ.. ပြီးရင်တော့ Next ကိုကလစ်ပါ..


အောက်ကပုံလေးတွေ အတိုင်း ပေါ်နေရင် ခဏစောင့်နေပေးလိုက်ပါ...။




အပေါ်ပုံအတိုင်း Successfully စာသားနဲ့ ဘောက်စ်ထပ်ပေါ်လာရင်တော့ ကျနော်ထည့်လိုက်တဲ့ Driver တခု အောင်မြင်စွာ စက်ထဲကို ရောက်သွားပါပြီ..။ သူ့နေရာနဲ့ သူ့ Driver နဲ့ တခုတော့ အိုကေသွားပါပြီ.. အောက်က Driver ရောက်သွားတဲ့ ပုံနဲ့ အပေါ်ပိုင်းက Driver မရှိသေးတဲ့ ပုံကို ၂ခုယှဉ်ကြည့်နိုင်ပါတယ်..


ပြီးရင်တော့ Driver လိုအပ်နေတဲ့ နောက်ထပ်တခုကို အပေါ်ကပုံတွေအတိုင်း ထပ်လုပ်လိုက်ပါ..


ဒီအောက်ကပုံကတော့ VGA ဂရပ်ဖစ် Driver ကို အပေါ်က ပုံတွေအတိုင်း Install ဆွဲထည့်ပြီးတဲ့အခါ အောက်ကပုံမျိုး ပေါ်လာပါလိမ့်မယ်.. Yes ပေးလိုက်လို့ Restart ကျသွားပြီး ဝင်းဒိုးပြန်တက်လာရင်တော့ မိမိတို့ရဲ့ စက်မှာ ဂရပ်ဖစ် Driver အလုပ်လုပ်ပါပြီ..


ဝင်းဒိုးပြန်ပွင့်လာရင်တော့ ဂရပ်ဖစ်နဲ့ တခြား Driver တွေ စုံသွားပြီ ဖြစ်တဲ့ အတွက် အောက်ကပုံမျိုး Sleep တို့၊ Hipernate တို့ စာသားတွေ ပေါ်လာပါပြီ..။ 



မိမိတို့ ကွန်ပျူတာကို Driver တွေ စုံမစုံ သိချင်သေးတယ် ဆိုရင်တော့ အပေါ်ဆုံးက ပုံတွေအတိုင်း Computer >> Right Click >> Manage >> Device Manager အထိ အဆင့်ဆင့် ဖွင့်ဝင်သွားလိုက်ရင် အပေါ်က အောက်ဆုံးပုံအတိုင်း ကျနော့်စက်မှာ မြင်ရတဲ့ အတိုင်း Driver တွေ စုံနေတာကို တွေ့ရပါပြီ.. ဒီလောက်ဆိုရင်တော့ Drivers တွေကို Restore ပြန်လုပ်တတ်လောက်ပြီလို့ ထင်ပါတယ်ဗျာ.. အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေ..

USB မှ Windwo တင်နည်း & Window 7/8 ISO Images ဖိုင်လ်များ


ဟိုနေ့က သူငယ်ချင်း တစ်ယောက်မေးနေလို့ (USB Drive ကနေ Window 8 တင်တတ်ချင်လို့ပါတဲ့) ကျနော်ကိုယ်တိုင် ရှင်းပြနေရင် အချိန်ကုန်ပြီး နားမလည်မှာစိုးလို့ ပြန်လည် ခိုးချ (အဲ) ကူးချ မျှဝေပေးလိုက်ပါတယ်နော် ဘာမှမခတ်ပါဘူး ပုံလေးတွေကြည့်ရင် လုပ်တတ်သွားမှာပါ... USB ကနေတဆင့် Window တင်ပုံ တင်နည်းတွေကိုလည်း အရင်ကတင်ထားပေးဖူးပါတယ် .....:)

USB ကနေတဆင့် Window တင်ချင်တယ်ဆိုရင်တော့.......


 အရင်ဆုံး Window 8 ဖြစ်ဖြစ် Window 7 ဖြစ်ဖြစ်ကိယ်တင်ချင်တဲ့ ISO images ဖိုင်ကို ဇွဲကောင်းကောင်းနဲ့ ဒေါင်းယူထားဖို့လိုပါတယ် (အားလုံး 2GB , 3GB အထက်မှာချည်းပါပဲ).......
 ဇွဲ မရှိဘူးဆိုရင်တော့ နီးစပ်ရာ ဆိုင်တစ်ဆိုင် မှာပြေးဝယ်လိုက်ပါ....:P 
ပြီးရင် 4GB ပမာဏ နဲ့ အထက် (8GB ဆိုရင်ပိုကောင်းတာပေါ့ဗျာ) ရှိတဲ့ USB တစ်ချောင်း လိုပါတယ်...

 ISO images တွေ မရှိသေးလို့
  ဒေါင်းယူချင်တယ်ဆိုရင်.....အောက် မှာဒေါင်းယူနိုင်ပါတယ်...

 (တချို့ Download လုပ်နည်း မသိသေးတဲ့ သူငယ်ချင်းများကတော့ ဒေါင်းမရဘူးချည်းဘဲ ပြောနေလို့ Download လုပ်နည်းလေးပါ တခါထဲ ဖေါ်ပြပေးလိုက်တယ်)

ဒေါင်းနည်းကတော့ ပထမဆုံး ကိုယ်ဒေါင်းယူချင်တဲ့  Download ဆိုတဲ့ Link လေးကို နှိပ်လိုက်ပါ New Tab  အနေနဲ့ နောက်စာမျက်နှာတစ်ခုကို ရောက်သွားပါလိမ့်မယ် .... 5 စက္ကန့်လေး ကို သည်းခံပြီး စောင့်ပေးလိုက်ပါ (5 စက္ကန့်အတွင်း သူကြော်ငြာချင်တာလေးကို ပေးကြော်ငြာလိုက်ပါ...  ကျေးဇူးတင်ပါတယ် ....:P ) 
ပြီးရင် အောက်ကပုံလေးအတိုင်း  SKIP AD ဆိုတာလေးကို နှိပ်လိုက်ပါ အေးဆေး ဒေါင်းယူနိုင်ပါပြီ....:)

ဒါက Window 8 ISO images ဖိုင် 64bit / 32bit ပါ....အောက်က သူ့ရဲ့ Serial Key တွေပါ:)
English
64-bit (x64)  Download   (3.3 GB)  Sha 1 hash —  
1288519C5035BCAC83CBFA23A33038CCF5522749

32-bit (x86)  Download (2.5 GB) Sha 1 hash —   
E91ED665B01A46F4344C36D9D88C8BF78E9A1B39
 
 ဒါလေးတွေကတော့ Window 7 ISO images ဖိုင်လ်တွေပါ.. ကြိုက်တာရွေးယူနိုင်ပါတယ် (တစ်ခွန်းဈေး)...:P

LATEST UPDATE 22nd AUGUST 2011
Windows 7 Ultimate SP1-U ISO
English x86: X17-59463.iso
English x64: X17-59465.iso


Windows 7 Professional SP1-U ISO
English x86: X17-59183.iso
English x64: X17-59186.iso


Windows 7 Home Premium SP1-U ISO
English x86: X17-58996.iso
English x64: X17-58997.iso


ဒါလေးတွေကတော့ 2010 Version တွေပါ...။
UPDATED 30th April 2010

Windows 7 Professional x64 (64-bit)
English: Download
Windows 7 Professional x86 (32-bit)
English: Download
Windows 7 Home Premium x64 (64-bit)
English: Download
Windows 7 Home Premium x86 (32-bit)
English: Download
Windows 7 Enterprise [English 60 Days Trial]
32-bit (x86): 7600.16385.090713-1255_x86fre_enterprise_en-us_EVAL_Eval_Enterprise-GRMCENEVAL_EN_DVD.iso

64-bit (x64): 7600.16385.090713-1255_x64fre_enterprise_en-us_EVAL_Eval_Enterprise-GRMCENXEVAL_EN_DVD.iso

Windows 7 Ultimate x64 (64-bit)
[Unofficial] English: Download

Windows 7 Ultimate x86 (32-bit)
[Unofficial] English: Download

Windows 7 N Version Direct Download Links [Windows 7 N English for Europe - No Windows Media Player (WMP12)]

Windows 7 Home Premium N x86 (32-bit): Download
Windows 7 Home Premium N x64 (64-bit): Download
Windows 7 Professional N x86 (32-bit): Download
Windows 7 Professional N x64 (64-bit): Download
In today’s time , it’s not difficult to install Windows from pen – drive or another USB Flash drives. In fact , Microsoft itself provides a software to make a pen drive that can boot your computer and install Windows 8.
စိတ်ကြိုက် ဒေါင်းယူပြီးပြီ ဆိုရင်တော့ ဒီ Windows 7 USB/DVD Tool ကို ဒေါင်းယူလိုက်ပါ USB ကို ကွန်ပြူတာမှာ တပ်ပြီး ....

ကျန်တာတွေကိုတော့ အောက်က ပုံလေးတွေ အတိုင်း လုပ်ဆောင်သွားလိုက်ပါ....:)

Steps:
1. Download Windows 7 USB/DVD Tool  and install it.
1_thumb%25255B4%25255D

Browse ကိုနှိပ်ပြီး စောစောက ဒေါင်းထားတဲ့ ISO ဖိုင်လ်ကိုရွေးပေးပါ..။

2. Choose your ISO file for Windows 8 like in above screenshot. To download Windows 8
2_thumb

3. Choose USB device to install windows 8 from USB drive.

ဒီနေရာမှာ မိမိ ရဲ့ USB Drive ကို ရွေးပေးပါ
3_thumb

4. Select your USB device from the drop-down list. And hit Begin Copying.
ဒီအဆင့်မှာ USB ကို Format ရိုက်မှာပါ..
 (USB ထဲကအရေးကြီးတဲ့ Data တွေရှိရင် အခြားတစ၀်နေရာမှာအရင်ဆုံးရွေ့ထားပေးပါ 
4_thumb

5. Press next to format you USB device and copy Windows 8 files.
5_thumb

6. After this application will copy windows files to your pen drive.
7. After Process completes , restart your computer and boot your computer with USB device and install Windows 8 Preview.

  အပေါ်က အဆင့်တွေအတိုင်း လုပ်ပြီးပြီ  ဆိုရင် USB ကို ကွန်ပြူတာမှာ တပ်ပါ  Restart ချပါ  Window  ပြန် တတ်တတ်လာချင်း Boot Menu ကိုဝင်ဖို့ F2 (or) Dle ကိုနှိပ်ပါ (Boot Menu ကို ဝင်ဖို့ နှိပ်ရမဲ့ Key တွေက ကွန်ပြူတာ တစ်လုံးနှင့် တစ်လုံး မတူနိုင်ပါဘူး) Acer Window 7 မှာတော့ F2 ကိုနှိပ်ပြီး  Boot Menu ကို ဝင်ရပါတယ်) 

Boot Menu က Boot tab မှာ  first boot device ကို USB ကို ရွေးပြီး F10 နဲ့ Save and Chang ကိုနှိပ်ပေးလိုက်ပါ...။

Window ပြန်တတ်လာရင် USB နဲ့ Window တင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ....

ကျန်တဲ့ အဆင့်တွေကိုတော့ ကိုယ်တိုင် ညှစ်အားလေးသုံးပေးလိုက်ပါ... :D
 နားမလည်သေးဘူးဆိုရင် ဒီနေရာ မှာ အသေးစိတ်ရှင်းပြထားပါတယ် ရိုးရိုး Window တင်တာနဲ့ အတူတူပါပဲ....

အားလုံး အဆင်ပြေကြပါစေဗျားးးးး

သြော်....တစ်ခုကျန်သေးတယ်  Window  Activator တွေ လိုအပ်ခဲ့ရင် ညာဘက် Sidebar က   window 7 Activator  ဆိုတဲ့ Label မှာ ရယူနိုင်တယ်နော်....:)

3D Album Commercial Suite 3.30

3D Album Commercial Suite 3.30

အွန်လိုင်းမိတ်ဆွေများ “ အားလုံးမင်္ဂလာပါ”

ဒီနေ့တော့   3D    ဖိုတိုဆလိုက်ရှိုးတွေ ၊ Precentation  တွေ ၊
 Wedding Title & Photo Show တွေ  Family Photo Show တွေကို
မိမိစိတ်တိုင်းကျဖန်တီးနိုင်တဲ့  
3D Album Commercial Suite 3.30
လေးကို  တင်ပေးလိုက်ပါတယ်  ။
  ဗီဒီယို တည်းဖြတ်လုပ်ငန်းသမားတွေအတွက်တော့  မရှိရင်မဖြစ် လို့တောင် ပြောရမှာပါ ။
ကျနော်ကိုတိုင်လည်း  အမြဲသုံးနေတဲ့  ပရိုဂရမ်ပါ ။ 
ဖိုင်ဆိုဒ်ကတော့နည်းနည်းကြီးတယ် ။ 1.85 GB  ရှိတယ် ။
ကြီးဆို  သူလုပ်နိုင်တဲ့စွမ်းအားတွေကလည်း  တော်တော်လေးများပြီးစုံပါတယ်
သုံးရက်လောက်ကြာအောင်ဆွဲခဲ့ရတယ်ဗျာ ။
ခုပြန်တင်ပေးတာတော့ (၁)ရက်လောက်ကြာတယ် ။ ကျနော် အပိုင်း(10)ပိုင်းခွဲပြီး 
 Mediafire မှာတင်ထားပေးပါတယ် ။
တစ်ပိုင်းကို  190 mb နဲ့ အားလုံး (9)ပိုင်း  နောက်ဆုံးအပိုင်းကတော့  59 mb ပဲရှိပါတယ် ။ 
မြန်မာပြည်ကနေဆိုရင်တော့  မလွယ်ဘူး  ခုချိန်မှာ အခက်အခဲရှိပေမယ့်လည်း နောက်ဆိုပြေလည်သွားမှာပါ ။

ကဲလိုချင်သူတွေ အောက်မှာဒေါင်းလိုက်ကြပါ ။


ဒီပရိုဂရမ်ကို  Install လုပ်ရင် XP SP3  နဲ့  7-32 bit သမားများအတွက်
ဘာပြဿနာမှမရှိပါ ။

ဒါပေမယ့်  Win 7 (64)bit  သမားများအတွက်တော့ program ဖိုင်နှစ်ခုရှိနေတာကြောင့်
နည်းနည်းသတိထားပေးယုံလောက်ပါပဲ ။

ဖိုင်းလမ်းကြောင်းတွေကို ကောင်းကောင်းနားလည်နေသူများအဖို့  အခက်အခဲမရှိပေမယ့် ။
ကျနော့အတွေ့အကြုံအရ  များသောအားဖြင့် တော်တော်လေးကို အခက်ကြုံနေသေးတာကိုတွေ့ရပါတယ်

အဓိက သတိထားရမယ့် အချက်ကတော့ မိမိ Install လုပ်လိုက်တဲ့ 3D Album CS နဲ့ပါတ်သက်တဲ့ program တွေအားလုံး 3D Album CS -Folder အောက်မှာ တစ်စုတဝေးတည်းရှိနေဘို့ပါပဲ ။